Breaking News >> News >> Democratic Voice of Burma


ထန်းတပင် – ဇရပ်ကြီးတံတားပေါ်ရှိ စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရ


Link [2022-04-22 23:54:26]



ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင် (ထော်တထူ) မြို့နယ်၊ တပြေးကျေးရွာ ထန်းတပင် – ဇရပ်ကြီးတံတားမှာ ဧပြီ ၂၂ ရက် မနက် ၃ နာရီလောက်က လုံခြုံရေးရယူထားတဲ့ စစ်ကောင်စီဂိတ်စခန်းကို လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား တယောက်  ပွဲချင်းပြီး သေဆုံးကာ ဗိုလ်အဆင့်ရှိသူ တယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တဲ့အတွက် နေပြည်တော်မှာ ဆေးကုသမှုခံယူဖို့ အိမ်စီးကားနဲ့ သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ တပြေးကျေးရွာသားတယောက်က “မနက်အစောကြီး တံတားဂိတ်ဘက်မှာ နှစ်ဘက် သေနတ်ပစ်သံတွေ ကြားရတယ်။ ဒီမနက်စောစောကျမှ စစ်သား တယောက်သေပြီး ဗိုလ် တယောက်ထိတယ်လို့ သိရတယ်။ ဒဏ်ရာက ပြင်းထန်ပုံရတယ်။ စစ်ဗိုလ်ကို အိမ်စီးကား တစီးနဲ့ နေပြည်တော်ကို […]

Most Read

2024-09-20 17:56:58