Breaking News >> News >> Democratic Voice of Burma


နိုင်ငံ့ခေါင်းဆောင်များအပေါ် စွဲဆိုထားသည့် ရွေးကောက်ပွဲအမှု လိုပြသက်သေများကို ဆက်လက်စစ်ဆေး


Link [2022-04-22 23:54:26]



နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ရွေးကောက်ပွဲ အမှုတွေကို ဧပြီ ၂၂ ရက်က ဆက်လက် ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ ဒီနေ့ရုံးချိန်းမှာ တရားလိုပြသက်သေအဖြစ် မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က အရာရှိတဦးကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ်မှာ မလျော်သြဇာ လွှမ်းမိုးခဲ့တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။ ဒီအမှုမှာ လိုပြသက်သေ ၂၀ ဦးရှိပြီး လိုပြသက်သေတွေကို ဧပြီ ၁၈ ရက် အပြီးစစ်ဖို့ CMP နဲ့ ဆုံးဖြတ်ထားတာ […]

Most Read

2024-09-20 17:27:54