Breaking News >> News >> Democratic Voice of Burma


ဝေါလေမြိုင်တိုက်ပွဲ၌ ကျဆုံးသွားသည့် စစ်ကောင်စီတပ်သားအလောင်းများ မြေမြှုပ် သင်္ဂြိုဟ်ပေးသူ မရှိဖြစ်နေ


Link [2022-04-22 23:54:26]



ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်ခွဲမှာ တိုက်ပွဲတွေအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တပ်မှူ အရာရှိတွေရဲ့ အလောင်းတွေကို လာကောက်သူမရှိ မြေမြှုပ် သင်္ဂြိုဟ်ပေးသူ မရှိတဲ့အတွက် ဆိုးဆိုးရွားရွား အပုပ်နံ့တွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။  စစ်ကောင်စီတပ်သားနဲ့ အရာရှိတချို့ဟာ မကြာသေးခင်ရက်ပိုင်းတွေအတွက် KNLA ပူးပေါင်းတပ်နဲ့ တိုက်ပွဲဖြစ်ပွားရာမှာ အများအပြားသေဆုံးခဲ့ကြရသလို သေနတ်ဒဏ်ရာ ပြင်းထန်တာကြောင့် ဆေးကုသခွင့်မရဘဲ နောက်ရက်ပိုင်းမှာ သေဆုံးသူတွေလည်း ရှိနေပါတယ်။ ကျဆုံးစစ်သည်တွေအတွက် ကျန်ရစ်ခဲ့တဲ့ တပ်ဖွဲ့တွေကလည်း မြေမြှုပ်ပြီး ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးသူမရှိတဲ့အတွက် တောတောင်တွေထဲမှာ  အလောင်းတွေကျန်ရစ်ပြီး ပတ်ဝန်းကျင်မှာ အနံ့ဆိုးတွေ ဖြစ်ပေါ်နေတာပါ။ မြဝတီမြို့နယ် ဒေါနတောင်အရှေ့ဘက်မှာ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေအကြား  တိုက်ပွဲတွေက နေ့စဉ်လိုလိုဖြစ်ပွားနေပြီး  ဒေသတွင်း စစ်ရေးတင်းမာနေတာ ဖြစ်ပါတယ်။  ကော့ကရိတ်မြို့အရှေ့ဘက် အာရှလမ်းမကြီးအနီးမှာလည်း […]

Most Read

2024-09-20 17:44:39