ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ကြောင့် စီးပွားရေး ဆုံးရှုံးတာတွေ ကာမိဖို့ တလကို အမေရိကန်ဒေါ်လာ ၇ ဘီလီယံ လိုအပ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဧပြီ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့နဲ့ အစည်းအဝေးတွေအတွင်း တက်ရောက်သူတွေကို ခုလိုပြောလိုက်တာပါ။ ကမ္ဘာ့လူ့အဖွဲ့အစည်းဟာ ရုရှားကို ကမ္ဘာ့ဘဏ်၊ IMF နဲ့ တခြားအဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေကနေ ချက်ချင်းထုတ်ပယ်ဖို့ လိုတယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတွေအနေနဲ့ စစ်ပြီးကာလ ယူကရိန်း ပြန်လည်တည်ဆောက်ရေး ကူညီရာမှာ ငွေသုံးဖို့နဲ့ တခြားနိုင်ငံတွေရဲ့ ဆုံးရှုံးမှုတွေအတွက် ပေးချေဖို့ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကို ဒဏ်ခတ်၊ သိမ်းဆည်းသင့်တယ်လို့လည်း ဇလန်းစကီးက […]