Breaking News >> News >> Democratic Voice of Burma


မုံရွာမြို့နယ် ကျောက်စစ်ပုံရွာအနီးမှာ စစ်ကား ၁ စီး မိုင်းဆွဲခံရ


Link [2022-04-22 12:13:56]



စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက်စစ်ပုံရွာထိပ်မုံရွာ-သာစည်‌ကျေးရွာသွားလမ်းမှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ စစ်ကားကြီး ၁ စီး ဧပြီ ၂၂ ရက် မနက်  ၇ နာရီ က မိုင်းဆွဲ  တိုက်ခိုက်ခံရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။ ရွာသားတစ်ဦးက “ပထမပေါက်ကွဲသံကြီးကြားလိုက်ရတယ်။ မြေကြီးကို တုန်သွားတာပဲ။ အစပိုင်းတော့ လန့်သွားတယ်။ ဘယ်ကအဖွဲ့တွေလာလုပ်သွားကြတယ်တော့မသိဘူး။ ကျနော်တို့ရွာ နှစ်ရွာကြား မှာ ခမခ အမြောက်တပ်စခန်းရှိတယ်။ ဘယ်သူမှ ဒီလို လုပ်ရဲကြမှာ မဟုတ်ဘူး။ ဘေးက လာလုပ်သွားတယ်ထင်တာပဲ”လို့ပြောပါတယ်။ အဲဒီစစ်ကားဟာ ကျောက်စစ်ပုံ အမြောက်တပ်ကိုလာတဲ့ကားဖြစ်ပြီး အခုလိုမိုင်းဆွဲခံရတာကြောင့် စစ်သား ၁၀ ယောက် ထက်မနည်းသေးဆုံးနိုင်ကာ ၆ ယောက်လောက်ပဲ အသက်ရှင်နိုင်တယ်လို့ Chindwin Attack Force က သတင်းထုတ်ပြန်ပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ အခု မိုင်းဆွဲရာမှာ […]

Most Read

2024-09-20 17:48:52