Breaking News >> News >> Democratic Voice of Burma


မတူပီမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၆ ဦးသေ၊ ၇ ဦးဒဏ်ရာရ


Link [2022-04-22 12:13:56]



ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ ဧပြီ ၂၂ ရက်က CDF-မတူပီနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၆ ယောက်သေဆုံးကာ ၇ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ CDF-မတူပီကနေ သိရပါတယ်။ မတူပီ-ပလက်ဝလမ်းပေါ် ထယ်ဘွေးတပ်စခန်းဘက်ကို အင်အားဖြည့်ဖို့ ဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒီကနေ့မနက် ၈ နာရီကျော်လောက်က မိုင်တိုင်အမှတ် (၁၆) နားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ CDF-မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ “နှစ်ဘက်တိုက်ပွဲအတွင်းမှာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပေမဲ့ ကျနော်တို့ CDF-မတူပီက ရဲဘော်တွေ အထိခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။ မတူပီးမြို့နယ်ထဲက CDF-မတူပီနယ်မြေတွေကို စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းဖြည်တင်းနေလို တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တဲ့ အတွက် CDF ရဲဘော်တွေအတွက် ဆုတောင်းသတိရပေးကြဖို့ တိုက်တွန်းထားပါတယ်။” စစ်ကောင်စီ စစ်ကြောင်းတွေ ရွာတွေကိုဝင်မွှေပြီး မီးရှို့ဖျက်ဆီး […]

Most Read

2024-09-20 17:42:29