Breaking News >> News >> Democratic Voice of Burma


မင်းတုန်းမြို့ ၌ စစ်ကောင်စီတပ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွား ပစ်ခတ်မှုဖြစ်ပြီး ၁ ဦးသေ


Link [2022-04-22 12:13:56]



မကွေးတိုင်း၊ မင်းတုန်းမြို့မှာ ဧပြီ ၂၂ ရက်က  စစ်ကောင်စီတပ်သားအချင်းချင်း  ခိုက်ရန်ဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်မိလို့  တပ်သားငယ် တယောက် သေဆုံးသွားတယ်လို့  ဒေသခံတွေထံကနေ  သိရပါတယ်။ အင်းလယ် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေ မူးယစ်သောက်စားပြီး အချင်းချင်းရန်ဖြစ်ရာက  တပ်ကြပ်တယောက်က စစ်သားငယ်တယောက်ကို ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်သားငယ်ဟာ သေနတ်ဒဏ်ရာအပြင်ကို မျက်နှာတခုလုံး ဖူးရောင်ဒဏ်ရာနဲ့ သေဆုံးသွားတာလို့ မြို့ခံတစ်ယောက်က ပြေပါတယ်။ “သူတို့က စီနီယာက ဂျူနီယာကို ပညာပေး ဆုံးမတာဆိုပြီး ရိုက်တာတဲ့။ နောက်တော့ ပစ်ခတ်မှုအထိ ဖြစ်သွားတယ်ထင်တယ်။ ညက သေနတ်အသံတော့ ကြားလိုက်တယ်။ မြို့အဝင် အင်းလယ်ဘက်က စစ်ဆေးရေးဂိတ်မှာဆိုတော့ ဘယ်သူမှ သွားမကြည့်ရဲကြဘူး။ သူတို့ကလည်း အဲဒီကိစ္စကို အတင်းလိုက်ဖုံးနေတယ်။ ဆေးရုံကဆရာဝန်တွေ၊ သူနာပြုတွေတောင် မေးလို့မရဘူး၊  သေတဲ့တပ်သားက ကလေးစစ်သားလေးပဲ အသက် […]

Most Read

2024-09-20 18:00:33