Breaking News >> News >> Democratic Voice of Burma


ကျောင်းကုန်းမြို့နယ်၌ ရွာသား ၁ ဦးက အရက်ဝယ်မပေးသည့် ဇနီးကို ခေါင်းဖြတ်သတ်


Link [2022-04-22 12:13:56]



ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာ  ဧပြီ ၁၇ ရက်က အမျိုးသားတဦးဟာ  ဇနီးဖြစ်သူကို  သတ်ပြီး အလောင်းဖျောက်မှုဖြစ်ပွားခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။  ဝက်ချောင်းကျေးရွာအုပ်စုအတွင်းက ထမင်းဆုပ်ကုန်ကျေးရွာသား ဦးခင်ဇော်ဟာ  နေအိမ်မှာ တခြားအမျိုးသား ၁ ဦးနဲ့အရက်ထိုင်သောက်နေစဉ် ဇနီးဖြစ်သူကို အရက်ဝယ်ခိုင်းရာမှာ ဝယ်မပေးလို့ဆိုပြီး ခေါင်းဖြတ်သတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတဦးက“မိန်းမနဲ့အတူတူထိုင်သောက်နေတာ မိန်းမကို အရက်ဝယ်ခိုင်းတော့ မဝယ်ပေးဘူးပြောတော့ စကားစများတယ်။ အဲ့မှာ ဦးခင်ဇော်က သူ့မိန်းမကို ခေါင်းပြတ်အောင် ခုတ်လိုက်တာ။ ပြီးတော့ အလောင်းကို ရေတွင်းထဲ ပစ်ချထားတာ”လို့ ပြောပါတယ်။  ရေတွင်းပျက်ထဲ ပစ်ချထားတဲ့ အလောင်းကို ဧပြီ ၂၀ ရက်မှ  အပုပ်နံ့ ထွက်လာလို့ ရှာဖွေချိန်မှာ ဒေသခံတွေက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ လူသတ်အလောင်းဖျောက်ခဲ့တဲ့ ဦးခင်ဇော်နဲ့ နောက်ထပ်အမျိုးသားတယောက်ကို ကျောင်းကုန်းမြို့မရဲစခန်းမှာ […]

Most Read

2024-09-20 17:50:37