Breaking News >> News >> Democratic Voice of Burma


ဝါးသီးနှံနှင့် ဝါဂွမ်းကို အရေးကြီးကုန်စည်အဖြစ် စစ်ကောင်စီသတ်မှတ်


Link [2022-04-22 05:52:43]



၀ါသီးနှံနဲ့  ၀ါဂွမ်းတွေကို  အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက  ထုတ်ပြန်ပါတယ်။ ဧပြီလ ၈ ၇က် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားတာဖြစ်ပြီး ဒါဟာ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရသတ်မှတ်လိုက်တာလို့ ဆိုပါတယ်။ ဒါ့ကြောင့် ၀ါသီးနှံနဲ့  ၀ါဂွမ်းတို့ကို ဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း ဒါမှမဟုတ် ဈေးကစားဖို့ ရည်ရွယ်ပြီး သိုလှောင်တာတွေကို တားမြစ်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ အဲဒီတားမြစ်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နဲ့၀န်ဆောင်မှု ဥပဒေအရ အရေးယူခြင်းခံရမယ်လို့ ဆိုထားပါတယ်။ မြန်မာပြည်တွင်းမှာ ၀ါသီးနှံတွေတိုးချဲ့စိုက်ပျိုးကြဖို့နဲ့ ပြည်တွင်းမှာ အဝတ်အထည်တွေထုတ်လုပ်ကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က မိန့်ခွန်တွေမှာ မကြာခဏ ထည့်သွင်းပြောကြားပြီးနောက် အခုလို လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။  ၂၀၁၂ ခုနှစ် အရေးကြီးကုန်စည်နဲ့ ဥပဒေမှာတော့ အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားခဲ့ရင် အနည်းဆုံး […]

Most Read

2024-09-20 17:57:42