Breaking News >> News >> Democratic Voice of Burma


ရှောင်တာနယ်အမှု တရားလိုပြသက်သေကို ဆက်လက်စစ်ဆေး


Link [2022-04-22 05:52:43]



သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနယ်အမှုကို ဧပြီ ၂၁ ရက်က  ရုံးထုတ်ပြီး တရားလိုပြသက်သေ တယောက်ကို ဆက်လက် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ နောက်အပတ်ရုံးချိန်းမှာလည်း နောက်ထပ် တရားလိုပြသက်သေတစ်ဦးကို ထပ်စစ်ဆေးမယ်လို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်ကို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁ (ဂ)၊ လ.ဝ.က အက်ဥပဒေတို့နဲ့ စွဲဆိုထားတာဖြစ်ပြီး အမှုတွဲအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ဦးစိုးဝင်း(စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း(စီမံ/ ဘဏ္ဍာဝန်ကြီးဟောင်း)တို့ကိုလည်း အမှုတွဲအဖြစ် တရားစွဲဆိုထားတာပါ။ ဒီနေ့ရုံးချိန်းကို လာရောက်သူ အားလုံး ကျန်းမာရေးကောင်းမွန်ကြတယ်လို့လည်း တရားရုံးနဲ့နီးစပ်သူကဆိုပါတယ် စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးတဲ့ နိုင်ငံခြားသားတော်တော်များများကို နှစ်နိုင်ငံချစ် ကြည်ရေးကိုထောက်ရှုပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပေမယ့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်ကိုတော့ အခုအချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးပါဘူး။ […]

Most Read

2024-09-20 17:54:20