Breaking News >> News >> Democratic Voice of Burma


မယ်ဆိုင်တွင် တရားမဝင်မြန်မာများ တင်လာသည့်ကားမှောက်ပြီး ၆ ဦးကို ဒဏ်ရာနှင့်အတူဖမ်းမိ


Link [2022-04-22 05:52:43]



ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ထဲမှာ ဧပြီ ၂၁ ရက် မနက်စောစောက တရားမဝင်မြန်မာတွေသယ်ဆောင်လာတဲ့ကား ၁ စီး စစ်ဆေးရေးအဖွဲ့ကို တိမ်းရှောင်စဉ် တိမ်းမှောက်သွားခဲ့ပါတယ်။ ယာဉ်မောင်းသူရော ကားပေါ်ပါလာသူတွေပါ ထွက်ပြေးကြရာမှာ ကလေးရော လူကြီးပါ ၆ ယောက် ဖမ်းမိပြီး ဒဏ်ရာတွေလည်း ရထားတာကြောင့် တာဝန်ရှိသူတွေက မယ်ဆိုင်ဆေးရုံကို ပို့ပေးလိုက်တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။  ဒီကနေ့မနက်စောစောက နယ်ခြားစောင့်ရဲနဲ့ စစ်တပ်တာဝန်ရှိသူတွေဟာ မယ်ဆိုင်မြို့နယ် ပုံဖာကျေးရွာအုပ်စုထဲမှာ စောင့်ကြပ်စစ်ဆေးနေတဲ့အခိုက်မှာ မီးခိုးရောင်တိုယိုတာဟိုင်းလပ်ကား ၁ စီးက နယ်စပ်ဆန်ပါဆပ်ရွာဘက်ကနေ မောင်းနှင်လာတာတွေ့လို့ တာဝန်အရစစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်စဉ် အဆိုပါကားက ရပ်မပေးဘဲ အရှိန်မြှင့်မောင်းနှင်ထွက်ပြေးသွားတယ်လို့  တာဝန်ရှိက  သတင်းထောက်တွေကို ပြောပါတယ်။  အဆိုပါကားနောက်ကို လိုက်သွားရာမှာ ဝပ်ထမ့်ပုံကျောင်းတိုက်ရှေ့ရောက်တော့ တိမ်းမှောက်သွားကြောင်း၊ ယာဉ်မောင်းရော ကားပေါ်ကလူတွေပါ ကစဉ့်ကလျား ထွက်ပြေးသွားကြလို့ […]

Most Read

2024-09-20 17:30:10