Breaking News >> News >> Democratic Voice of Burma


ချောင်းသာတွင် လူငယ် ၁ ဦးကိုရိုက်နှက် သတ်ဖြတ်ခဲ့သည့် ရာအိမ်မှူးနှင့်အဖွဲ့ ဖမ်းဆီးခံရ


Link [2022-04-22 05:52:43]



ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊  ချောင်းသာကမ်းခြေမှာ လူငယ်တဦးကို ရာအိမ်မှူးနဲ့အဖွဲ့က ရိုက်သတ်ခဲ့ကြတာကြောင့် လက်လွန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး  အမှတ် ၁ ရပ်ကွက် ရာအိမ်မှူး ကိုချမ်းအေးနဲ့အဖွဲ့ကို ချောင်းသာနယ်မြေရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ဧပြီ ၁၇ ရက် အမှတ် ၂ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် ဝေလျှံဖြိုး(ခ) အသေးလေးကို အမှတ် ၁ ရပ်ကွက် ရာအိမ်မှူး ကိုချမ်းအေး(ခ) ချမ်းသာအောင်နဲ့အဖွဲ့က စစ်ဆေးစရာရှိလို့ဆိုကာ ခေါ်ပြီး လမ်းမပေါ်တင် ဝိုင်းရိုက်ရာမှ လက်လွန်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ “သူ့သားနဲ့ရန်ဖြစ်လာတဲ့ ကောင်လေးအဖွဲ့ကို အမှန်တော့ အာဏာပြတာ လက်လွန်သေသွားတာ အရိုက်ခံရတာ အားလုံး ၃ ယောက်။ အဲဒီကောင်လေးကို ဆေးရုံပို့သေးတယ်။ ဒါပေမဲ့ […]

Most Read

2024-09-20 17:44:08