Breaking News >> News >> Democratic Voice of Burma


စစ်ကိုင်းတိုင်း မြို့နယ်အချို့တွင်တိုက်ပွဲဖြစ်၊ စစ်တပ်မီးရှို့သဖြင့် ပုလဲမြို့နယ်က နေအိမ် ၉၀ ကျော် ဆုံးရှုံး


Link [2022-04-22 05:52:43]



စစ်ကိုင်းတိုင်း မြို့နယ်အချို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေပါတယ်။ ပုလဲမြို့နယ် သတင်းကျေးရွာမှာ ဧပြီ ၁၈ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ် မီးရှို့တာကြောင့် နေအိမ် ၉၂ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ် Golden Triangle Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒေသခံတဦးက “နေ့လယ် ၁ နာရီလောက်မှာ ကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ အရင်ပစ်တယ်။ နာရီဝက်လောက်ကြာမှ ရွာထဲဝင်လာပြီး အိမ်တွေကို မီးရှို့တော့တာပဲ။ အမျိုးသားတဦးကိုလည်း ဖမ်းပြီး သတ်သွားတယ်။ ဘာလို့မီးရှို့တယ်၊ သတ်တယ်ဆိုတာကတော့ မသိရဘူး” လို့ ပြောပါတယ်။ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် သတင်းကျေးရွာ ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေရပါတယ်။ ဧပြီ ၂၀ ရက်၊ ညနေ ၃ နာရီခွဲလောက်မှာလည်း  […]

Most Read

2024-09-20 17:33:56