ရန်ကုန်တိုင်း ခရမ်းမြို့နယ်မှာ ဧပြီ ၂၁ မနက်ပိုင်းက လုံခြုံရေးကင်းလှည့် စစ်ဆေးပြီးပြန်လာတဲ့ စစ်ကောင်စီကား ကမာကလူကျေးရွာအနီး ချောင်းအတွင်း ထိုးကျခဲ့တယ်လို့ သိရပါတယ်။ ခရမ်းမြို့နယ် ကမာကလူကျေးရွာမှာ စစ်ဆေးပြီးအပြန် စစ်ကောင်စီကား ကျောက်တံတားအနီး ချောင်းထဲ ထိုးကျခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။ “မနက် ၅ နာရီလောက်က ကမာကလူရွာထိပ်မှာ စစ်ဆေးပြီးအပြန် ကျောက်တံတားကနေ ချောင်းထဲကို ကားထိုးကျသွားတာ။ ဒဏ်ရာရသူတွေတော့ များတယ်၊ သေတာလည်း ရှိတယ်။ ဘယ်နှဦး သေတယ်ဆိုတာကတော့ တိတိကျကျမသိရဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။ စစ်ကောင်စီကား ချောင်းထဲထိုးကျအပြီးမှာ ဒဏ်ရာရသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ခရမ်းမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်သွားတယ်လို့ ဆိုပါတယ်။ ဧပြီ ၁၃ ရက်နေ့ကလည်း ခရမ်းမြို့နယ် ဇွဲတွန်စစ်ဆေးရေးဂိတ်ကို ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF […]