Breaking News >> News >> Democratic Voice of Burma


ခရီးသွားများ လိုက်နာရမည့်အချက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (ထားဝယ်ခရိုင်) ထုတ်ပြန်


Link [2022-04-21 10:54:36]



ရန်ကုန်-ထားဝယ်-မြိတ် အဝေးပြေးကားလမ်းမတလျှောက်နဲ့ ထားဝယ်ခရိုင်အတွင်း ကားလမ်း တွေပေါ်မှာ စစ်ကောင်စီတပ်တွေ သွားလာလှုပ်ရှားနေမှုတွေ၊ တပ်အင်အား ဖြည့်တင်းနေမှုတွေ၊ လက်နက်ရိက္ခာ သယ်ပို့တာတွေကို တားဆီးဟန့်တားနိုင်ဖို့ ခရီးသွားပြည်သူတွေ လိုက်နာရမယ့် အချက်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (ထားဝယ်ခရိုင်) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။ အဲဒီကားလမ်းမတွေပေါ်မှာ ပြည်သူတွေအနေနဲ့ ည ၇ နာရီကနေ မနက် ၄ နာရီအထိ ခရီးသွားလာခြင်း မပြုကြဖို့၊ အဝေးပြေးကားလမ်းမပေါ်က ခရီးသွားကားတွေအနေနဲ့ ကားမှန်တင်ပြီးသွားတာ၊ တလပတ်တွေနဲ့အုပ်ပြီး သွားတာမျိုး မလုပ်ကြဖို့နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ကားတွေနဲ့ အနီးကပ် မောင်းနှင်သွားလာတာမျိုးကို ရှောင်ကြဉ်ကြဖို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ထားဝယ်ခရိုင်) တာဝန်ရှိသူတဦးက “ပြည်သူတွေအနေနဲ့ ကျနော်တို့ရဲ့ ထုတ်ပြန်ချက်တွေကို လေးစားလိုက်နာပေးကြပါ။ စစ်ရေးလှုပ်ရှားမှုတွေကို အစဉ်တစိုက် နားစွင့်ပြီးမှ ကိုယ်သွားမယ့်ခရီးကို […]

Most Read

2024-09-20 19:54:50