Breaking News >> News >> Democratic Voice of Burma


မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီအစည်းအဝေးကျင်းပ


Link [2022-04-21 10:54:36]



မရာပြည်သူ့ညီလာခံရဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ပထမပုံမှန် ကောင်စီအစည်းအဝေးကို ဧပြီ ၂၀ ရက်မှာ စတင်ကျင်းပခဲ့ပြီး အဲဒီအစည်းအဝေးကို မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီဝင်တွေနဲ့ ဒေသခံ ၇၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ စတင်တည်ထောင်ခြင်း ၃ လနီးပါးအတွင်း လုပ်ဆောင်ချက်တွေကို ကောင်စီအတွင်းရေးမှူးက အစီရင်ခံ တင်ပြတာတွေနဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီအောက်က ဌာနကြီး ၁၁ ခုထဲက လစ်လပ်နေရာ ၂ နေရာအတွက် အတွင်းရေးမှူးတွေကို ရွေးချယ်အတည်ပြုခဲ့ပါတယ်။ ဇန်နဝါရီ ၂၉ ရက်မှ ၃၀ ရက်အထိ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံနယ်စပ်မှာ ပြုလုပ်ခဲ့တဲ့ ပထမအကြိမ် မရာပြည်သူ့ညီလာခံကနေ ချင်းပြည်နယ်၊ ထန်တလန်၊ မတူပီ၊ ပလက်ဝ ဒေသတွေကို အခြေပြုပြီး မရာနယ်မြေအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကြောင်း အသိပေး ထုတ်ပြန်ခဲ့ပါတယ်။

Most Read

2024-09-20 19:40:30