Breaking News >> News >> Democratic Voice of Burma


နိုင်ငံသားစိစစ်ရေးကတ် လုပ်ငန်းအတွက် ကူညီပေးမည့်အစီအစဉ် ကေအန်ယူ ပြန်ရုပ်သိမ်း


Link [2022-04-20 23:13:28]



ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်းမှာ ပန်းခင်းစီမံချက်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုလူဦးရေစာရင်းတွေ လုပ်ဆောင်ရာမှာ ကူညီပေးဖို့တိုက်တွန်းထားတာကို  ပြန်လည်ရုပ်သိမ်းကြောင်း ကေအန်ယူက  ဧပြီ ၂၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီရဲ့တပ်တွေဟာ ဒူးပလာယာခရိုင်အတွင်း အင်အားတိုးချဲ့လှုပ်ရှားလာတဲ့အတွက် တိုက်ပွဲတွေဖြစ်တဲ့အပြင် ဒေသတွင်းမတည်ငြိမ်မှုတွေကြောင့် ဒေသခံပြည်သူတွေဟာ အလွန်စိုးရိမ်နေရသလို ပြည်သူလူထုရဲ့ အသက်အိုးအိမ်ပစ္စည်းတွေ ထိခိုက်ပျက်စီးတဲ့အတွက် လုံခြုံရေးစိုးရိမ်ရတဲ့အခြေအနေကြောင့် လုပ်ငန်းအကောင်အထည်ဖော်ဖို့  ဖြစ်နိုင်ခြေမရှိလို့ အခုလိုရုပ်သိမ်းလိုက်တာလို့ ကေအန်ယူ တပ်မဟာ ၆  တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဆာမိစေးဖိုးလက်မှတ်ရေးထိုးထုတ်ပြန်တဲ့ စာမှာ ဖော်ပြပါတယ်။  မတ် ၁၃ ရက်က စစ်ကောင်စီရဲ့ လက်အောက်ခံ ကြာအင်းဆိပ်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ရှေ့တန်းရုံးတွေက ပေးပို့ခဲ့တဲ့စာအပေါ်  ဒေသတွင်းပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုနဲ့ စားဝတ်နေရေးအတွက် လုံခြုံစိတ်ချစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ဖို့အတွက်  ကူညီပေးခဲ့တာလို့ […]

Most Read

2024-09-20 19:48:41