Breaking News >> News >> Democratic Voice of Burma


လက်နက်ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး အမေရိကန်စွပ်စွဲချက် တရုတ်ငြင်းပယ်


Link [2022-04-20 23:13:28]



လက်နက်ထိန်းချုပ်ရေးနဲ့ ဖောချင်းသောချင်း မပြန့်ပွားရေး မူဝါဒတွေနဲ့ ပတ်သက်ပြီး တရုတ်အပေါ် အမေရိကန်ရဲ့ စွဲချက်တွေကို တရုတ်အစိုးရက အခိုင်အမာ ငြင်းပယ်လိုက်ပါတယ်။ နျူကလီးယားစမ်းသပ်မှု ဆိုင်းငံ့ထားရေးနဲ့ ဒုံးကျည်မပြန့်ပွားရေး ကတိကဝတ်တွေကို လိုက်နာဖို့ တရုတ်က ပျက်ကွက်ခဲ့တယ်လို့ အမေရိကန်က အစီရင်ခံစာထဲမှာ ပြောခဲ့အပြီး တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဝမ်ဝင်ဘင်က ဧပြီ ၁၉ ရက်မှာ ခုလို တုံ့ပြန်လိုက်တာပါ။ အဲဒီအစီရင်ခံစာထဲမှာ ဇီဝလက်နက်ဆိုင်ရာ သဘောတူစာချုပ်ကို တရုတ်နိုင်ငံက လိုက်နာမှုနဲ့ ပတ်သက်ပြီးတော့လည်း မေးခွန်းထုတ်ခဲ့ပါတယ်။ အမှန်တော့ အမေရိကန်ဟာ လက်နက်ထိန်းချုပ်ရေးနဲ့ မပြန့်ပွားရေး သဘောတူညီချက်တွေ၊ ကတိကဝတ်တွေကို လိုက်နာရာမှာ စိတ်ပျက်စရာ မှတ်တမ်းတခု ရှိတယ်၊ သိပ်မကြာသေးတဲ့ နှစ်တွေအတွင်း နိုင်ငံတကာ လက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ်တွေနဲ့ ယန္တရားတွေကို ချဉ်းကပ်ရာမှာ လက်တွေ့ကျတဲ့ […]

Most Read

2024-09-20 19:32:12