Breaking News >> News >> Democratic Voice of Burma


ရုရှား ရေနံတင်သင်္ဘောကို ဂရိအစိုးရ သိမ်းယူ


Link [2022-04-20 23:13:28]



ဥရောပသမဂ္ဂ (EU) က ရုရှားအပေါ် ဒဏ်ခတ်မှု အစိတ်အပိုင်းအဖြစ် ဂရိနိုင်ငံ အီဗီယာကျွန်းရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ဖြတ်သန်းခုတ်မောင်းလာတဲ့ ရုရှား ရေနံတင်သင်္ဘောကို ဂရိအစိုးရက သိမ်းယူလိုက်တယ်လို့ ဂရိကမ်းခြေစောင့်တပ်က ဧပြီ ၁၉ ရက်မှာ ပြောပါတယ်။ ဒီလအစောပိုင်းက စပြီး EU အဖွဲ့ ၂၇ နိုင်ငံက ဆိပ်ကမ်းတွေမှာ ရုရှားအလံတင် သင်္ဘောတွေ မကပ်ဖို့ တားမြစ်ပိတ်ပင်ခဲ့တာပါ။ ရုရှားအပေါ် ပိတ်ဆို့အရေးယူပုံ အသစ်ကိုလည်း ကျင့်သုံးခဲ့ပါတယ်။ ရုရှားသင်္ဘောသား ၁၉ ယောက်ပါတဲ့ ရုရှားအလံတင်သင်္ဘော ပေးဂတ်စ်ဟာ မြို့တော်အေသင်အနားက ဂရိကုန်းမကြီးရဲ့ ကမ်းလွန်ပင်လယ်ပြင်နားမှာရှိတဲ့ အီဗီယာတောင်ပိုင်း ကမ်းရိုးတန်းမှာ အသိမ်းခံရတာပါ။ ပေးဂက်စ်သင်္ဘောဟာ အင်ဂျင်ပြဿနာ တက်ခဲ့ပြီး ပင်လယ်ပြင် အခြေအနေ ကြမ်းတမ်းနေတာကြောင့် အသိမ်းခံရတဲ့ နေရာနားမှာ ဆိုက်ကပ်ခဲ့ရတာလို့ အေသင်သတင်းမှာ […]

Most Read

2024-09-20 19:48:41