Breaking News >> News >> Democratic Voice of Burma


မြန်မာ့ရွှေစျေး တကျပ်သားကို ကျပ် ၂၁ သိန်းနီးပါးအထိ မြင့်တက်


Link [2022-04-20 23:13:28]



ဗဟိုဘဏ်ရဲ့ သတ်မှတ် နိုင်ငံခြားငွေလဲနှုန်းနဲ့ တွက်ချက်ပြီး ရွှေအရောင်းအဝယ်ပြုလုပ်ဖို့ ရန်ကုန်တိုင်းရွှေအသင်းက ဆုံးဖြတ်ထားပေမဲ့ သင်္ကြန်အပြီး ရွှေစျေးကွက် ပြန်ဖွင့်ချိန်မှာ ကျပ် နှစ်သောင်းကျော် ထပ်မံမြင့်တက်လာခဲ့ပါတယ်။ ဒီနေ့ ဧပြီ ၂၀ ရက် ရန်ကုန်ရွှေစျေးကွက်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၂၀၇၈၀၀၀ နဲ့အရောင်းအဝယ် ပြုလုပ်နေကြပါတယ်။ သင်္ကြန်ပိတ်ရက် မတိုင်ခင် ဧပြီ ၇ ရက်နေ့က တစ်ကျပ်သားကို ကျပ် ၂၀၅၀၀၀၀နဲ့ စျေးပိတ်ခဲ့တာပါ။ ဗဟိုဘဏ်ရဲ့ ဒေါ်လာသတ်မှတ်ချက်နှုန်းနဲ့ တွက်ချက်ပြီး  ရွှေစျေးနှုန်းသတ်မှတ်ရင် သင်္ကြန်အပြီး  အကျစျေးနဲ့  စျေးဖွင့်လာနိုင်မယ်လို့ စျေးကွက်လေ့လာသူတွေက ခန့်မှန်းထားကြပေမဲ့ စျေးကထပ်မံ မြင့်တက်လာတာ ဖြစ်ပါတယ်။ ရွှေစျေး တွက်ချက်ရာမှာ ဒေါ်လာစျေးနှုန်းအပြင် နယ်စပ်ငွေကြေးလဲလှယ်နှုန်းတွေပါ ထည့်သွင်း တွက်ချက်ရတာဖြစ်လို့ စျေးနှုန်းမကျဆင်းတာလို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူက ပြည်တွင်း […]

Most Read

2024-09-20 19:51:32