Breaking News >> News >> Democratic Voice of Burma


ထားဝယ်-မြိတ် ကားလမ်းမတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ


Link [2022-04-20 11:33:09]



တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ထားဝယ်-မြိတ် ကားလမ်းမပေါ်မှာ ဧပြီ ၂၀ ရက် မနက် ၅ နာရီလောက်က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံခဲ့ရပြီး အကျအဆုံးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထားဝယ်-မြိတ်ကားလမ်းမပေါ် သရက်နှစ်ခွကျေးရွာနဲ့ ပန်းပြင်ကျေးရွာအကြား မနက် ၅ နာရီကနေ ၇ နာရီလောက်အထိ အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့နဲ့ အင်အား ၂၀ ခန့်ရှိ စစ်ကောင်စီတပ်သားတွေတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၇ ဦး ကျဆုံးတယ်လို့ ဒေသခံတွေက ပြောပေမဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ တိုက်ပွဲဖြစ်ပွားပြီး တနာရီလောက် အကြာမှာတော့ ထားဝယ်ဘက်ကနေ စစ်ကားတစီးနဲ့ စစ်ကောင်စီတပ်သား ၂၀ လောက် လာရောက်စစ်ဆေးခဲ့ပြီး ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သားတွေကို အရေးပေါ်ကားတွေနဲ့ လာရောက် သယ်ယူသွားတယ်လို့ သိရပါတယ်။ […]

Most Read

2024-09-20 19:50:53