Breaking News >> News >> Democratic Voice of Burma


ကရင်နီဒေသ၌ စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့သည့် အရပ်သားနေအိမ် ၁၀၀၀ နီးပါးရှိလာ


Link [2022-04-20 11:33:09]



ကရင်နီ(ကယား)ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုနဲ့  လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်အလုံး ၁၀၀၀ နီးပါး ရှိလာပြီဖြစ်တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က သတင်းထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့ မြို့နယ်အလိုက် ပျက်စီးသွားတဲ့ နေအိမ်အလုံးရေတွေကို ဖော်ပြထားပြီး ဒီးမော့ဆိုမြို့နယ်မှာ ၅၆၄ လုံးနဲ့ အများဆုံးဖြစ်ကာ ဖယ်ခုံမြို့နယ်မှာ ၂၅၆ လုံး၊ လွိုင်ကော်မြို့နယ်မှာ ၁၀၈ လုံး၊ ဖရူဆိုမြို့နယ်မှာ ၃၉ လုံးစီနဲ့ စုစုပေါင်း ၉၆၇ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေလည်း မြို့ရွာအနှံ့ ပြင်းထန်နေပြီး စစ်အုပ်စုဟာ […]

Most Read

2024-09-20 19:54:33