Breaking News >> News >> Democratic Voice of Burma


မြစ်ကြီးနားတွင် ဓာတ်ဆီဆိုင်အချို့ပိတ်၊ ဖွင့်ထားသည့်ဆိုင်များ၌ ညအချိန်အထိ တန်းစီဝယ်ယူနေ


Link [2022-04-19 23:53:32]



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဧပြီ ၁၉ ရက် ဒီနေ့လယ်ပိုင်းကစပြီး စက်သုံးဆီဝယ်ယူသူတွေ များပြားလာတဲ့အတွက်  ဆိုင်တချို့ပိတ်ထားရပြီး ဖွင့်တဲ့ဆိုင်တွေမှာတော့ ဒေသခံပြည်သူတွေဟာ  ညအချိန်အထိ စက်သုံးဆီရရှိဖို့အတွက် တန်းစီပြီး စောင့်ဆိုင်း ဝယ်ယူနေကြရပါတယ်။ စက်သုံးဆီ ပြတ်လပ်နေတယ်လို့ သတင်းတွေထွက်လာပြီးနောက် မြစ်ကြီးနားမြို့မှာ စက်သုံးဆီဝယ်ယူ စုဆောင်းသူတွေများလာတာလို့ ဒေသခံတွေထံက သိရပါတယ်။ မြစ်ကြီးနားမြို့ခံတဦးက “ဓာတ်ဆီပြတ်လပ်နေတဲ့သတင်းတက်လာအပြီးမှ ခုလိုတန်းစီစနစ်နဲ့ ရောင်းချတာ။ မနက် ၁၀ နာရီလောက်အထိ ပုံမှန်အတိုင်းပဲ ဆီထည့်ကြတယ်။ ညနေပိုင်းကြတော့ ဖွင့်ထားတဲ့ဆီဆိုင်မှန်သမျှ တန်းစီစနစ်ဖြစ်သွားတယ်။ လမ်းဘေးဆိုင်လေးတွေမှာတောင် ကျိတ်ကျိတ်တိုးရောင်းနေရတယ်” လို့ ပြောပါတယ်။ မြစ်ကြီးနားမြို့ကို  စက်သုံးဆီ အဝင်မရှိတော့တဲ့အတွက်  ဆိုင်မှာလက်ကျန်ရှိသလောက် ရောင်းချပေးသွားမှာဖြစ်တယ်လို့ မြစ်ကြီးနား ဆီဆိုင်တာဝန်ခံတဦးကလည်း ပြောပါတယ်။ “ကျနော်တို့ဆိုင်ကိုတော့ ဆီအဝင်မရှိတော့ဘူး။ လက်ကျန်ရှိသလောက် ရောင်းပေးမယ်။ ကုန်သွားတော့လည်း ဆိုင်ပိတ်ထားရတော့မှာပဲ။” မြစ်ကြီးနားမြို့က ဆီဆိုင်တွေမှာ […]

Most Read

2024-09-20 19:40:56