Breaking News >> News >> Democratic Voice of Burma


ပုသိမ်ကြီးမြို့နယ် လျှပ်စစ်မန်နေဂျာ ဗိုလ်ကြီးဟောင်း ၁ ဦး ပစ်သတ်ခံရ


Link [2022-04-19 23:53:32]



မန္တလေးတိုင်း၊  ပုသိမ်ကြီးမြို့နယ်၊ မန္တလေး – ပုသိမ်ကြီးလမ်း (၁၉ လမ်း) ပေါ်မှာ ဧပြီ ၁၉ ရက် ညနေ ၅ နာရီကျော်က  ကားမောင်းလာတဲ့  ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ဌာန မန်နေဂျာ ဗိုလ်ကြီးဟောင်း ဦးကျော်ရဲအောင်  သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ အခင်းဖြစ်ပွားရာ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတဦး က “၁၉ လမ်း သံလမ်းအကျော်မှာ ပစ်ခံရတာ။ လူသွားလူလာများနေတဲ့အချိန်ကြီးဖြစ်တာ။ ပစ်ပြီးမကြာဘူး အရပ်ဝတ်တွေ ယူနီဖောင်းဝတ်တွေရောက်လာပြီးလမ်းပိတ်ပြီး လူနာတင်ကားနဲ့ တင်သွားတယ်။” လို့ ပြောပါတယ်။ ပုသိမ်ကြီးမြို့နယ်လျှပ်စစ်မန်နေဂျာ ဦးကျော်ရဲအောင်ဟာ ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ရုံး ကနေ နေအိမ်ကို အပြန်မှာ ပစ်ခံရတာဖြစ်ပြီး နဖူးနဲ့ လက်မောင်းတို့မှာ ကျည်ထိမှန်ကာ နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Most Read

2024-09-20 19:36:28