Breaking News >> News >> Democratic Voice of Burma


ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ရွာများကို လိုက်လံ မီးရှို့ဖျက်ဆီး


Link [2022-04-19 23:53:32]



စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ပေါ်မှာ ဧပြီ ၁၉ ရက် ဒီနေ့လယ် ၁၂ နာရီလောက်က   စစ်ကောင်စီတပ်တွေက  လူနေအိမ်နဲ့ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။  အမှတ် ၅ ကွက်သစ် အတွင်းက လူနေအိမ် တလုံးနဲ့ မြေဆီဂိုဒေါင်တိုက်တန်းစျေးက ဈေးရောင်းဈေးဝယ်သူတွေရဲ့ ဆိုင်ကယ် ၁၀ စီးကျော်ကို  မီးရှို့ဖျက်ဆီးသွားတာလို့ စိုင်ပြင်မြို့ခံ တယောက်က ပြောပါတယ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းက မဲအိုးကျေးရွာကိုလည်း   ဒီညနေ ၄ နာရီလောက်က  စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မဲအိုးဒေသခံရွာသားတစ်ဦးက “မနေ့ကတည်းက စစ်ကြောင်းနှစ်ကြောင်းနဲ့ ခွဲထိုးလာတာဗျ။‌ ဒီနေ့ကြတော့ အောင်သာကျေးရွာမှာ နှစ်ကြောင်းပေါင်းပြီး အခု ကျနော်တို့ရွာကို မီးရှို့နေတယ်ဗျ။ သူတို့လာပြီဆိုတာနဲ့ ရွာသားတွေကတော့ အကုန်ထွက်ပြေးနေရတယ်။ […]

Most Read

2024-09-20 19:39:44