Breaking News >> News >> Democratic Voice of Burma


ပခုက္ကူတွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရဲ ၂ ဦးသေ၊ ငဖဲမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ် အကျအဆုံးများ


Link [2022-04-19 23:53:32]



မကွေးတိုင်း၊ ပခုက္ကူမြို့ စက်မှုဇုန်မှာ ဧပြီ ၁၉ ရက် မနက် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရလို့  ရဲ ၂ ယောက်သေဆုံးကာ ၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ PKU RANGER ပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။ ပခုက္ကူ-ရေစကြို ကားလမ်း စက်မှုဇုန်ဘက်မှာ ဒီမနက် ၁၀ နာရီလောက်က ကားမှန်မချဘဲ မောင်းလာတဲ့ အိမ်စီးကားတစ်စီးကို အသံမိုင်းဖောက်ခွဲပြီးသတိပေးရာ အဲဒီနေရာကိုလာရောက်တဲ့ ရဲတွေကို နောက်ချန်မိုင်းတွေ RPG တွေနဲ့ ဖောက်ခွဲပစ်ခတ်တာလို့ PKU RANGERတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကို PKU RANGER၊RSO(PKU)၊Young Force UG နဲ့ မြိုင်PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး  ပြောက်ကျားတပ်တွေဘက်က အထိခိုက်အကျဆုံးမရှိခဲ့ဘူးလို့ ဆိုပါတယ်။ စက်မှုဇုန်ရပ်ကွက်နေ ဒေသခံတစ်ယောက်က“စက်မှုဇုန်ဘက်မှာ ဒီကနေ့မနက် ၁၀ နာရီလောက်က […]

Most Read

2024-09-20 19:52:28