Breaking News >> News >> Democratic Voice of Burma


ရခိုင်ပြည်နယ်၌ လောင်စာဆီ အကန့်အသတ်ဖြင့်ရောင်းချရန် စစ်ကောင်စီညွှန်ကြား


Link [2022-04-19 23:53:32]



ရခိုင်ပြည်နယ်မှာ လောင်စာဆီတွေကို ဧပြီ ၁၉ ရက်‌ကစတင်ပြီး အကန့်အသတ်နဲ့သာ ရောင်းချဖို့  ပြည်နယ်စစ်ကောင်စီက ညွှန်ကြားထားတယ်လို့လည်း ဆီလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။ လိုင်စင်ရ စက်သုံးဆီဆိုင်တွေကို တနေ့  ဆိုင်ကယ်တစ်စီးလျှင်  ဆီကျပ် ၅၀၀၀ ဖိုးနဲ့ မော်တော်ကား ငယ်တစ်စီးလျှင် ကျပ် ၂၀၀၀၀ ဖိုးထက် ပိုမရောင်းချဖို့ ပြည်နယ်စစ်ကောင်စီက ညွှန်ကြားလိုက်တာ စစ်တွေမြို့ခံ တယောက်က ပြောပါတယ်။ လက်ရှိ စစ်တွေမြို့မှာ လောင်စာဆီဈေးနှုန်း  အောက်တိန်း(92) တစ်လီတာ ၂၂၅၀ ကျပ်၊ ဓာတ်ဆီတစ်လီတာ ၂၀၀၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၁၃၈၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၀၀ ကျပ်နှုန်းနဲ့ ရောင်းနေကြကြောင်း လောင်စာဆီ အရောင်းဆိုင်တွေကနေ စုံစမ်းသိရပါတယ်။ ရခိုင်ပြည်နယ်မှာ စက်သုံးဆီဈေးနှုန်းတွေ ရုတ်တရက်မြင့်တက်လာပြီး အကန့်အသတ်နဲ့သာ ရောင်းချမယ့်ဆိုတဲ့ သတင်းကြောင့် […]

Most Read

2024-09-20 19:42:21