Breaking News >> News >> Democratic Voice of Burma


မန္တလေးက စက်သုံးဆီဆိုင်များတွင် အလုအယက်ဝယ်ယူနေ


Link [2022-04-19 23:53:32]



မြန်မာပြည်တွင်းမှာ လောင်စာဆီပြတ်လပ်လို့ ခွဲတမ်းနဲ့သာရောင်းချတော့မယ်ဆိုတဲ့ ကောလာဟလကြောင့် မန္တလေးမြို့က စက်သုံးဆီဆိုင်ကြီးတွေမှာ အလုအယက်ဝယ်ယူ နေကြပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းလောက်ကစတင်ကာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ တန်းစီးစောင့်ဆိုင်းဝယ်ယူနေကြတာဖြစ်ပြီး ဝယ်ယူသူများပြားတာကြောင့် ယာဉ်တန်းအရှည်ကြီး ဖြစ်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။ မန္တလေးမြို့ခံတစ်ဦးက”ကျန်တာမပြောနဲ့ ကားလေးတွေ သုံးဘီးတွေနဲ့ ရောင်းတဲ့ဆိုင်တွေကို တစ်ခဲနေတာပဲ၊ တန်းစီပြီးထည့်နေကြတာ”လို့ ပြောပါတယ်။ လမ်းဘေးက ကားလေးတွေနဲ့ လှည့်လည်ရောင်းချတဲ့ မီနီစက်သုံးဆီဆိုင် လေးတွေကတော့ နေ့ခင်းပိုင်းလောက်မှာကတည်းက ဆီပြတ်တောက်သွားပြီး ဆက်လက်ရောင်းချနိုင်ခြင်းမရှိတော့ဘဲ စက်သုံးဆီပန့်ဆိုင်ကြီးတွေမှာပဲ ကြိတ်ကြိတ်တိုးဝယ်ယူနေကြရတယ်လို့ သိရပါတယ်။  တချို့ဆိုင်တွေမှာတော့ ပလတ်စတစ်ပုံးတွေနဲ့ ရောင်းချပေးနေပေမယ့် Denko၊  BOC စတဲ့ စက်သုံးဆီဆိုင်အကြီးကြီးတွေကတော့ ပလတ်စတစ်ပုံးနဲ့ရောင်းချမပေးဘူးလို့ သိရပါတယ်။ ဝယ်ယူသူများပြားတာကြောင့် ဆီဆိုင်ဝန်ထမ်းတချို့က ဆက်ဆံရေးမပြေပြစ်တာတွေ ရှိခဲ့သလို သိပ္ပံလမ်းပေါ်က Denko ဆီဆိုင်မှာ ဝန်ထမ်းတချို့နဲ့ ဝယ်ယူသူတချို့ စကားများခဲ့ပြီး […]

Most Read

2024-09-20 19:43:04