Breaking News >> News >> Democratic Voice of Burma


သီပေါတွင် ထင်းခွေသွားသည့်ရွာသား ၂ ဦးမိုင်းထိ၊ ၁ ဦးဒဏ်ရာပြင်းထန်


Link [2022-04-19 12:12:53]



ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ်ထဲမှာ ဧပြီ ၁၈ ရက် ညနေပိုင်းက တောထဲ ထင်းခွေသွားတဲ့ ရွာသား ၂ ဦး မိုင်းထိမိပြီး ၁ ဦး ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။  မနေ့ညနေ ၂ နာရီ ၄၅ မိနစ်လောက်က သီပေါမြို့နယ် ကျင်သီကျေးရွာအုပ်စု ပုံဖမ်းကျေးရွာမှာ ရွာသား ၂ ယောက်မိုင်းနင်းမိကြောင်း အကြောင်းကားလာတဲ့အတွက် သီပေါကြက်ခြေနီတပ်ဖွဲ့ နဲ့ ဘော်ကြိုပရဟိတအသင်းဝင်တွေ သွားရောက်ကူညီပေးခဲ့ကြတယ်လို့ ပရဟိတအဖွဲ့ဝင် ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။  “သူတို့နှစ်ယောက်က တရွာတည်းသား အိမ်နီးချင်းတွေပါ။ မနေ့က ရွာရဲ့တောင်ဘက်မှာရှိတဲ့ လွိုင်စဝ်မိုင်းတောင်မှာ ထင်းသွားခွေတယ်၊ ခွေးတကောင်လည်းပါသွားတယ်။ ခွေးကရှေ့ကသွားပြီး မိုင်းကိုနင်းမိပြီးပေါက်ကွဲတေ။ ကျနော်တို့ရောက်သွားတဲ့အချိန် ခွေးကလေးက ကိုယ်တပိုင်းပဲ ကျန်တော့တယ်၊ သူတို့ ၂ ယောက်ကတော့ […]

Most Read

2024-09-20 19:37:28