Breaking News >> News >> Democratic Voice of Burma


စစ်​ကောင်စီစစ်ကြောင်းကို မြန်မာ့တော်ဝင်နဂါးတပ်တော်ကြားဖြတ်တိုက်ခိုက်၊ ၃၀ ကျော်​သေဆုံး


Link [2022-04-19 12:12:53]



စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) က နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၃၀ ​ကျော် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဧပြီ ၁၈ ရက် မနေ့ကမနက် ၉ နာရီလောက်မှာ MRDA တပ်ခွဲက ပုလဲမြို့နယ်၊​ ဆင်ရှင်နဲ့ ကြောင်သန်းကျေးရွာအကြားမှာ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ ၃ ယောက် သေဆုံးခဲ့ပြီး နေ့လယ် ၁ နာရီကနေ ၄ နာရီကြားမှာလည်း အဆိုပါစစ်ကြောင်းကို အရှေ့သီတင်းကျေးရွာနားမှာ နောက်တကြိမ် တိုက်ခိုက်ခဲ့ရာ အယောက် ၃၀ ကျော် ထပ်မံသေဆုံးခဲ့တာလို့ ဆိုပါတယ်။ ဒုတိယအကြိမ် ထိတွေ့မှုတိုက်ပွဲတွင်းမှာတော့ MRDA တပ်ခွဲဘက်က နဂါးစစ်သည်တယောက် ​ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် မစိုးရိမ်ရကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။ စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းမှုကို […]

Most Read

2024-09-20 19:48:58