Breaking News >> News >> Democratic Voice of Burma


မန္တလေး အိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသားများ မိသားစုနှင့် စာအဆက်အသွယ်မရ


Link [2022-04-19 12:12:53]



မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုတွေ စာအဆက်အသွယ်လုပ်လို့မရ ဖြစ်နေတယ်လို့    အကျဉ်းထောင် အသိုက်အဝန်းကနေ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေရေးပို့တာစာတွေ မိသားစုဆီမရောက်သလို. ထောင်ဝင်စာပို့တဲ့ခါမှာ အပြင်ကနေမိသားစုကရေးပေးတဲ့ စာတွေလည်း  အထဲက နိုင်ငံရေးအကျဉ်းသားတွေဆီ မရောက်တာမျိုးလည်း ကြုံတွေ့နေကာ  တရားဝင် လမ်းကြောင်းကနေ စာပို့တဲ့အခါတွေမှာလည်း ကြံ့ကြာမှုတွေရှိတယ်လို့ သိရပါတယ်။ ထောင်ဝင်စာသွားရောက်ပို့သူ တဦး က  “ထောင်ဝင်စာဧည့်တွေ့လို့ မရတဲ့အခြေနေမှာဆိုတော့ဗျာ အချိတ်ဆက်အဆက်သွယ်ဆိုတာ ဒီတရားဝင်စာလေးနဲ့ပဲ ဆက်သွယ်ရတယ်ဗျ။ အဲ့ဒီလိုနဲ့ပဲ အထဲမှာတွေဘာလိုအပ်နေလဲဆိုတာမျိုး ဘာထည့်ပေးရမလဲဆိုတာမျိုးကအစ ကျနော်တို့သိဖို့ ချိတ်ဆက်ရတာမျိုးကိုပေါ့နော်။  အထဲကနေမှာတဲ့စာက အပြင်မရောက်တော့  အထဲက အရေးကြီးလိုအပ်လို့မှာတဲ့ ဆေးဝါးတွေ တကိုယ်ရည်သုံးပစ္စည်းတွေမှာထားတဲ့စာက မိသားစုဆီမရောက်၊ မသိရှိရတော့ မပို့ဖြစ်တာမျိုးတွေ ရှိလာတော့ အထဲက အကျဥ်းထောင်ထဲကရဲဘော်တွေအတွက် အဆင်မပြေဖြစ်ကြရတယ်။”လို့ ပြောပါတယ်။ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားတွေအတွက် လိုအပ်တဲ့ […]

Most Read

2024-09-20 19:46:03