Breaking News >> News >> Democratic Voice of Burma


မြေတောင်မြှောက်ပေးခဲ့သည့် ကစားသမား ၆ ဦး လီဗာပူးတွင်ရှိနေသဖြင့် နည်းပြရန်းနစ်ခ်ဂုဏ်ယူ


Link [2022-04-19 12:12:53]



အသင်းဟောင်းတွေမှာ မြေတောင်မြှောက်ပေးခဲ့တဲ့ ကစားသမား ၆ ဦး လီဗာပူးအသင်းမှာ ကစားနေတဲ့အပေါ် မန်ယူနည်းပြ ရန်းနစ်ခ်က ဂုဏ်ယူကျေနပ်နေပါတယ်။  ဂျာမန်နည်းပြကြီး ရက်ဖ်ရင်းနစ်ဟာ  ဟော့ဖန်ဟိမ်း၊ ရှော်ကေး၊ လိုက်ဇစ်နဲ့ ဆဲလ်ဘက်အသင်းတွေမှာ နည်းပြနဲ့ အားကစားဒါရိုက်တာ တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။  အဲဒီကလပ်တွေက သူမြေတောင်မြှောက်ပေးပြီး ပွဲထွက်ကစားခွင့်ပေးခဲ့တဲ့ ကစားသမား၆ ဦးဟာ လက်ရှိအချိန်မှာတော့ လီဗာပူးအသင်းမှာ ကစားနေပါတယ်။  နည်းပြ ရန်းနစ်ခ်ဟာ တိုက်စစ်မှူး ဖေမီနိုကို ဟော့ဖန်ဟိမ်းအသင်းမှာ ပွဲကစားခွင့်ပေးခဲ့သလို နောက်ခံလူ မာတစ်ကို ရှော်ကေးအသင်းမှာ ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။ အလားတူ တိုက်စစ်မှူးမာနေး၊ နောက်ခံလူ ကိုနိတ်၊ ကွင်းလယ်လူတွေဖြစ်ကြတဲ့ နာဘီကီတာနဲ့ မီနာမီနိုတို့ ကိုလည်း ဆဲလ်ဘက်အသင်းမှာ ပွဲထွက်ခွင့်တွေပေးခဲ့ပြီး အရောင်တင်ပေးခဲ့တာပါ။  လီဗာပူးအသင်းလို့ ကမ္ဘာ့အကောင်းဆုံးအသင်းတသင်းမှာ သူ့ရဲ့ ကစားသမားဟောင်း ၆ ဦး […]

Most Read

2024-09-20 19:47:37