Breaking News >> News >> Democratic Voice of Burma


ဇနီးဖြစ်သူ အမြွှာမွေးခဲ့သော်လည်း ၁ ဦးကွယ်လွန်ခဲ့ကြောင်း စီရော်နယ်ဒို ပြော


Link [2022-04-19 12:12:53]



ဇနီးဖြစ်သူ အမြွှာကလေး ၂ ဦးမွေးဖွားခဲ့ပေမယ့် ၁ ဦးက ကွယ်လွန်သွားတယ်လို့ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုက သတင်းထုတ်ပြန်ပါတယ်။  ရော်နယ်ဒိုရဲ့ ဇနီးဖြစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်ဟာ ဧပြီ ၁၈ ရက်က အမြွှာကလေး ၂ ဦး မွေးဖွားခဲ့တာပါ။ ယောက်ကျားလေး ၁ ဦးနဲ့ မိန်းကလေး ၁ ဦး မွေးဖွာခဲ့ပြီး ယောက်ျားလေးဖြစ်သူက ကွယ်လွန်သွားခဲ့ပြီး အကြီးမားဆုံးသော ကြေကွဲဝမ်းနည်းမှု ဖြစ်ခဲ့ရကြောင်း စီရော်နယ်ဒိုက ဖွင့်ဟခဲ့ပါတယ်။  ကလေးမီးဖွားစဉ်ကာလမှာ ကူညီပေးခဲ့ကြတဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေကို ကျေဇူးတင်ရှိတယ်လို့လည်း စီရော်နယ်ဒိုက ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ မန်ယူနိုက်တက်အသင်းကလည်း ရော်နယ်ဒိုရဲ့ သတင်းထုတ်ပြန်ချက်ကို ပြန်လည်ဝေမျှခဲ့ပြီး “မင်းရဲ့နာကျင်ခံစားရမှုဟာ ငါတို့ရဲ့ နာကျင်ခံစားရမှုပါပဲ” လို့လည်း အားပေးစကားဆိုခဲ့ပါတယ်။  ပြိုင်ဘက်မန်စီးတီးအသင်းကလည်း ရော်နယ်ဒိုနဲ့အတူ ထပ်တူကြေကွဲဝမ်းနည်းရကြောင်း တွစ်တာကနေ […]

Most Read

2024-09-20 19:50:11