Breaking News >> News >> Democratic Voice of Burma


ကိုယ်တိုင်စီမံခန့်ခွဲနိုင်သည့်“ကော်”(မြေယာ) နယ်မြေ ၅ ခု ကေအန်ယူ သတ်မှတ်ကြေညာ


Link [2022-04-19 00:32:52]



ဌာနေကရင်လူမျိုးစုတွေ ကိုယ်တိုင်စီမံခန့်ခွဲနိုင်တဲ့ “ကော်” နယ်မြေ ၅ ခုကို တရားဝင်အသိအမှတ်ပြု လက်မှတ်ပေးအပ်ခဲ့တယ်လို့ ကေအန်ယူ၊ ဗဟိုမြေယာကော်မတီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကော်သေးဒဲအုပ်စု၊ မော်သေးဒဲကျေးရွာ၊ သောသီတောအူးဌာနေတိုင်းရင်းသားဥယျာဉ်မှာ ဧပြီလ ၁၄ ရက်က ကြေညာခဲ့တာပါ။ တောင်ငူခရိုင်အတွင်းက ခိုဘွယ်ဒဲကော်၊ မွီးလိုဃဲဒဲကော၊ ကော်ယော်မူပယ် ၊ ကော်မူလားဟေး ကော်နယ်မြေ ၄ ခုနဲ့ ဖာပွန်(မူတြော်) ခရိုင်အတွင်းက ကော်သေဂူ  ကော်နယ်မြေ ၁ ခု၊ စုစုပေါင်း ၅ ခုကို တရားဝင် ပိုင်ဆိုင်စီမံခန့်ခွဲခွင့် လက်မှတ်တွေပေးအပ်ခဲ့တာပါ။ ဒေသအခေါ် “ကော်” နယ်မြေဒေသကို ဒေသခံ ဌာနေကရင်လူမျိုးစုတွေအနေနဲ့ မိမိတို့ရဲ့ ထုံးတမ်းအစဉ်အလာအရ အတူတကွ အသုံးပြုစီမံခန့်ခွဲထိန်းသိမ်းကြတဲ့ မြေယာဒေသဖြစ်ပြီး ကော် စီမံခန့်ခွဲမှုအလေ့အထတွေကနေ ကရင်လူမျိုးစုတွေရဲ့ […]

Most Read

2024-09-20 21:51:26