Breaking News >> News >> Democratic Voice of Burma


တိုင်းရင်းသားခေါင်းဆောင်များကို အာဏာသိမ်းစစ်ခေါင်းဆောင်ကဘွဲ့ပေး၍ သွေးခွဲရန်ကြံစည်ဟု နိုင်ငံရေးအသိုင်းအဝိုင်း သုံးသပ်


Link [2022-04-19 00:32:52]



တိုင်းရင်းသားခေါင်းဆောင်တွေကို အာဏာသိမ်းစစ်ခေါင်းဆောင်က ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်တာဟာ သွေးခွဲဖို့  ကြံစည်တာဖြစ်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောကြားလိုက်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၇၅ နှစ်တာ ကာလအတွင်း နိုင်ငံတော်နဲ့ နိုင်ငံသားတွေကောင်းကျိုးကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်နိုင်တဲ့အတွက်ကြောင့်ဆိုပြီး အရင်စစ်ခေါင်းဆောင်ဟောင်းတွေ  စစ်ဗိုလ်ချုပ်တွေ အပါအဝင် တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေနဲ့ တတ်သိပညာရှင် ၁၅၀ ကျော်ကို  ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ပေးအပ်လိုက်ပါတယ်။ အများပြည်သူတွေအတွက် ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်အောင် ဆောင်ရွက်ခြင်းအတွက် ချီးမြှင့်တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ကို အခု  တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်တွေနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ဩဇာခံ ငြိမ်းချမ်းရေးပွဲစားတချို့ကိုပါ ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ စစ်အုပ်စုက လုပ်နေကြဖြစ်တဲ့ သပ်လျှို သွေးခွဲဖို့အတွက် ပေးတဲ့ဘွဲ့တံဆိပ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ  ဦးအောင်မိုးဇော်ကပြောပါတယ်။ “အဲဒီဘွဲ့ကို လူသတ်သမားတွေက ပေးတဲ့ဘွဲ့၊ ယုတ်တဲ့သူတွေကပေးတဲ့ ဘွဲ့ပေါ့။ အဲဒီဘွဲ့ကို […]

Most Read

2024-09-20 21:50:39