Breaking News >> News >> Democratic Voice of Burma


ဘားအံအကျဉ်းထောင်မှ နိုင်ငံခြားသားအကျဉ်းသား ၁၁ ဦး ပြန်လွှတ်


Link [2022-04-19 00:32:52]



ကရင်ပြည်နယ်၊ ဘားအံမြို့(တောင်ကလေး)အကျဉ်းထောင်ကနေ ဧပြီ ၁၇ ရက် နေ့လယ်လောက်က နိုင်ငံခြားသားအကျဉ်းသား ၁၁ ဦး လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ အကျဉ်းထောင်အသိုက်အဝန်းကနေ သိရပါတယ်။ ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံအတွင် းတရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံရတဲ့ တရုတ်နိုင်ငံသား တချို့နဲ့ ဘင်္ဂါလီ ၁၁ ဦး ပါဝင်တယ်လို့ ဘားအံမြို့ခံ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောပါတယ်။ “နိုင်ငံရေးအကျဉ်းသား တယောက်မှ မပါဘူး။  ၅၀၅ တွေ၊ နိုင်ငံရေးမှုနဲ့ ကျနေတဲ့သူတွေကို အကုန်လွှတ်‌ပေးစေချင်တယ်။ နိုင်ငံရေးအကျဉ်းသားတွေက ပေးဆပ်မှုတစ်ခုနဲ့ နိုင်ငံအပြောင်းအလဲတစ်ခုဖြစ်ဖို့ ကြိုးစားခဲ့တာ။ ငါနဲ့မတူ ငါရန်သူလို့ သဘောထားနေရင် ဒီနိုင်ငံက တိုးတက်လာမှာ မဟုတ်ဘူးလို့ ပြောချင်တယ်” တောင်ကလေးအကျဉ်ထောင်အတွင်း  ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် အပါအဝင် ဝန်ကြီးတွေ၊ NLD ပါတီဝင်တွေ၊ လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ […]

Most Read

2024-09-20 21:48:36