Breaking News >> News >> Democratic Voice of Burma


တောင်ဒဂုံ ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ ဗိုလ်မှူးဟောင်း သေနတ်ဖြင့်ပစ်ခတ်ခံရ


Link [2022-04-18 12:52:54]



ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်ရှိ  ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ ဗိုလ်မှူးဟောင်း စောမိုးဝင်းကို ဧပြီ ၁၈ ရက်နေ့ မနက်ပိုင်းမှာ အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ လာရောက် ပစ်ခတ်သွားတယ်လို့ သိရပါတယ်။ ၁၉ ရပ်ကွက်အပိုင် မောင်းမကန်လမ်းပေါ်က ကမ္ဘာ့ရတနာဘဏ် မန်နေဂျာဖြစ်သူကို အမည်မသိအဖွဲ့တဖွဲ့က မနက် ၈ နာရီခွဲလောက်မှာ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။ “ဖြစ်တာက မနက် ၈ ခွဲလောက်က ဖြစ်တာ။ အသံကြားလိုက်ရတယ်။ သေတယ် ရှင်တယ်ဆိုတာတော့ မသိဘူး။ အရေးပေါ်ကားနဲ့ ခေါ်သွားတာတော့ တွေ့တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။ ဒေသခံပြည်သူတွေက ကူညီဖို့ရောက်နေချိန်မှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး သေနတ်ပစ်ဖောက်တာတွေ လုပ်လို့ အကုန်လုံး ထွက်ပြေးလာရတယ်လို့ ဆိုပါတယ်။ ဗိုလ်မှူးဟောင်း ဘဏ်မန်နေဂျာ စောမိုးဝင်း […]

Most Read

2024-09-20 21:43:45