Breaking News >> News >> Democratic Voice of Burma


တမူး နန်းဖာလုံဈေးတွင် စစ်တပ်ပိုင်ထုတ်ကုန်များ ဝယ်ယူရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေး


Link [2022-04-18 12:52:54]



စစ်ကိုင်းတိုင်း၊ တမူးမြို့ပေါ်ရှိ နန်းဖာလုံဈေးမှာ ဧပြီ ၁၇ ရက်က CDM အာဏာဖီဆန်လှုပ်ရှားမှုမှာ ပါဝင်တဲ့ တမူးပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေဟာ ခရီးသွားပြည်သူတွေနဲ့ ယာဉ်မောင်းတွေကို စစ်တပ်ပိုင် ထုတ်ကုန်တွေ သယ်ယူရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးဆောင်ရွက်နေစဉ်အတွင်း စစ်တပ်နဲ့နီးစပ်တဲ့ ဒေသခံတဦးက ခမရ-၂၆၆ မှ ဗိုလ်ကြီးဝဏ္ဏဖြိုး ပိုင်ဆိုင်တဲ့ Apache ဆိုင်ကယ်ကို မောင်းနှင်လာတာကို စစ်ဆေးတွေ့ရှိတာကြောင့် သိမ်းဆည်းထားလိုက်တယ်လို့ တမူးပြည်သူ့ရဲတပ်ဖွဲ့က ဆိုပါတယ်။ တမူးပြည်သူ့ရဲ့တပ်ဖွဲ့ဝင်တစ်ဦးက “ခရီးသွားပြည်သူတွေနဲ့ ယာဉ်မောင်းတွေဆီက စစ်တပ်ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို သယ်ယူ‌တာတော့ မတွေ့ရဘူး။ ကျနော်တို့ စစ်ဆေးနေစဉ်အတွင်း စစ်ကောင်စီက ဗိုလ်ကြီးဝဏ္ဏဖြိုးရဲ့ ဆိုင်ကယ်တော့ သိမ်းဆည်းခဲ့တယ်”လို့ ပြောပါတယ်။ နောက်နောင် ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်နဲ့ဆက်စပ်တဲ့ပစ္စည်းတွေကို ရောင်းဝယ်သယ်ယူတာ မလုပ်ဖို့နဲ့ စစ်ဆေးတွေ့ရှိပါက သိမ်းဆည်းအရေးယူသွားမယ်လို့ တမူးပြည်သူ့ ရဲတပ်ဖွဲ့က […]

Most Read

2024-09-20 21:34:12