Breaking News >> News >> Democratic Voice of Burma


ရန်ကုန်-မန္တလေးအမြန်လမ်းရှိ စစ်ကောင်စီကင်းဂိတ်စခန်း တိုက်ခိုက်ခံရ


Link [2022-04-18 12:52:54]



ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင် ၃၃၅ တဖာလုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီကင်းစခန်းကို ဧပြီ ၁၇ ရက် ည ၂ နာရီလောက်မှာ တိုက်ခိုက်ခဲ့တယ်လို့  ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။  “ည ၂ နာရီအချိန်မှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်၊ တိုက်ခိုက်မှုကို ပထမဆုံး လက်နက်ကြီးနဲ့ ပစ်ပြီးမှ  လက်နက်ငယ်နဲ့ ဝိုင်းပစ်တာပါ”လို့ ကျောက်ဆည်နဂါးနီတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပွားချိန်က ၃ မိနစ်လောက်သာ ကြာမြင့်ခဲ့​ပြီး စစ်ကောင်စီဘက်ကထိ ခိုက်ကျဆုံးတာရှိပေမဲ့ ပြောက်ကျားတပ်ဖွဲ့ဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့လည်း ပြောပါတယ်။ ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်က အခုချိန်အထိလမ်းတွေ ပိတ်ထားတာကြောင့် သေစာရင်း အတိကျ မသိသေးပေမဲ့ တိုက်ခိုက်ခံရပြီးကတည်းက မနက်အထိ စစ်ကောင်စီတပ်က ပြန်မပစ်နိုင်ခဲ့ဘူးလို့လည်း သိရပါတယ်။ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ […]

Most Read

2024-09-20 21:44:13