Breaking News >> News >> Democratic Voice of Burma


ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်ကို စစ်ကောင်စီက အင်တာနက်ပြန်ဖွင့်ပေး


Link [2022-04-18 12:52:54]



စစ်ကိုင်းတိုင်းထဲက ခန္တီးနဲ့ ဟုမ္မလင်းမြို့တွေကို စစ်ကောင်စီက ဧပြီ ၁၇ ရက်မှာ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးခဲ့တယ်လို့သိရပါတယ်။ “မနေ့က ညနေ ၃ နာရီလောက် ခန္တီးမြို့မှာ အင်တာနက်သုံးလို့ ရတယ်။ ကျနော်တို့ အင်တာနက်လိုင်းဖွင့်တော့ ရနေပြီ” လို့ ဒေသခံတဦးက ပြောပါတယ်။ အခု အင်တာနက်လိုင်းကို ခန္တီး နဲ့ ဟုမ္မလင်းမြို့ပဲ ဖွင့်ပေးတာဖြစ်ပြီး ကျန်မြို့နယ်တွေ အင်တာနက်ဖွင့်ပေးတာတွေ မရှိဘူးလို့ မြန်မာ့ဆက်သွယ်ရေးနဲ့နီးစပ်တဲ့သူတဦးက ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်း စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကလေးတို့ကလွဲပြီး မြို့နယ် ၃၃ မြို့နယ်ကို စစ်ကောင်စီက မတ် ၃ ရက် ည ၁၁ နာရီကစလို့ အင်တာနက်လိုင်းတွေ ပိတ်ထားခဲ့တာဖြစ်ပြီး ဧပြီ ၁၇ ရက်မှသာ ခန္တီး နဲ့ […]

Most Read

2024-09-20 21:51:15