ဧပြီ ၁၇ ရက်နေ့ နှစ်ဆန်း ၁ ရက်မှာ ကယားပြည်နယ် လွိုင်ကော်မြို့အကျဉ်းထောင်ကနေ အကျဉ်းသား ၁၀ ဦး ပြန်လွတ်လာတယ်လို့ သိရပါတယ်။ လွိုင်ကော်မြို့အကျဥ်းထောင်မှာ အကျဥ်းကျခံနေရတဲ့ အကျဥ်းသား ၁၀ ဦးကို ဒီကနေ့ မနက် ၈ နာရီခွဲမှာ အမိန့်အမှတ် ၃၀ /၂၀၂၂၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နဲ့ လွှတ်ပေးလိုက်တာလို့ ဆိုပါတယ်။ တပ်မတော်အက်နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ ငြိမ်းထက်အောင်ပါ ၁၀ ဦးတို့ကို လွိုင်ကော်အကျဥ်းထောင်ကနေ လွှတ်ပေးခဲ့တာလို့လည်း စစ်ကောင်စီရဲ့မီဒီယာမှာ ဖော်ပြထားပါတယ်။ မြန်မာနှစ်ဆန်းတရက် ဧပြီ ၁၇ ရက်နေ့မှာ စစ်ကောင်စီက နိုင်ငံတဝန်းက အကျဉ်းသား၊ အကျဉ်းသူ နိုင်ငံသား ၁၅၇၇ ယောက်နဲ့ နိုင်ငံခြားသား ၄၂ ယောက် စုစုပေါင်း ၁၆၁၉ ယောက်ကို လွတ်ငြိမ်းသက်သာခွင့်ပေးတာလို့ […]