Breaking News >> News >> Democratic Voice of Burma


ပူတာအိုအကျဉ်းထောင်မှ ခိုးမှုနှင့်မူးယစ်ဆေးမှု အကျဉ်းသား ၆ ဦးသာ ပြန်လွတ်


Link [2022-04-18 01:13:00]



ဧပြီ ၁၇ ရက်နေ့ နှစ်ဆန်း ၁ ရက်က ကချင်ပြည်နယ် ပူတာအို နမ်ဟော့အကျဉ်းထောင်ကနေ ခိုးမှုနဲ့ မူးယစ်ဆေးအမှု အကျဉ်းသား ၆ ဦးသာ လွတ်မြောက်လာတယ်လို့ အကျဉ်းဦးစီးဌာနနဲ့နီးစပ်သူတဦးက အတည်ပြုပြောပါတယ်။ “နှစ်သစ်မှာ လွှတ်ပေးလိုက်တဲ့သူတွေက လူကောင်းတစ်ယောက်မှမပါဘူး။ ခိုးမှု၊ မူးယစ်ဆေးသမားတွေပါ။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဖမ်းဆီးထောင်ကျသူတွေတဦးမှ မပါဘူး။”  ပူတာအိုခရိုင်မှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ မူးယစ်ဆေးသုံးစွဲသူတွေနဲ့ သူခိုးတွေ ပေါများလာတဲ့အချိန် အခုလိုပြန်လွှတ်ပေးတာက ပူတာအိုဒေသကို ဒုက္ခပေးရာရောက်တယ်လို့ ပူတာအိုလူငယ်တစ်ဦးက ပြောပါတယ်။ “စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက ဆိုင်ကယ်ခိုးခံရမှု၊ အိမ်ဖောက်ထွင်းခံရမှုတွေ အရမ်းများလာတယ်။ ဒီရက်ပိုင်းဆိုလည်း ဆိုင်ကယ်မကြာခဏ ခိုးခံရတာရှိတယ်။ ဒီလိုအခြေနေမှာ မူးယစ်ဆေးသမားနဲ့ သူခိုးတွေပြန်လွှတ်ပေးတာက ပူတာအို‌ဒေသပြည်သူများကို စိတ်ဒုက္ခပေးလိုက်တာဖြစ်ပါတယ်” လို့ ပြောပါတယ်။ ပူတာအို နမ်ဟော့အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ နိုင်ငံရေးအကျဉ်းသား ၁၀ […]

Most Read

2024-09-20 21:53:57