Breaking News >> News >> Democratic Voice of Burma


ပခုက္ကူတွင် ပျူစောထီးအဖွဲ့ဝင်အပါအဝင် ဆိုင်ကယ်စီး လူငယ်အချို့ ပစ်ခတ်ဖမ်းဆီးခံရ


Link [2022-04-18 01:13:00]



မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာကျေးရွာမှာ ဧပြီ ၁၆ ရက်နေ့ ညပိုင်းက ဆိုင်ကယ်စီးလာတဲ့ လူငယ် ၅ ဦးကို စစ်ဆေးခံဖို့ ရပ်ခိုင်းရာမှ မရပ်ပေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာ ၃ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ​ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူ ၃ ဦးထဲမှာ ပျူစောထီးအဖွဲ့ဝင်တဦးပါနေပြီး သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခံရပေမယ့် ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ဆိုပါတယ်။ ဒေသခံတဦးက “လမ်းမှာ စစ်ဆေးနေတာ ရပ်မပေးလို့တဲ့၊ ဆိုင်ကယ်စီးလာတဲ့သူကလည်း ငါပျူအဖွဲ့ဝင် ငါပိုင်တယ်ဆိုပြီး စီးပြေးတဲ့ သဘောထင်ပါတယ်” လို့ ပြောပါတယ်။ စစ်ဆေးနေသူတွေဟာ အရပ်ဝတ်နဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေဖြစ်ပြီး ဖမ်းဆီးခံထားရသူတွေကို ပြန်မလွှတ်ပေးသေးဘူးလို့ ဆိုပါတယ်။

Most Read

2024-09-20 21:50:05