Breaking News >> News >> Democratic Voice of Burma


ယင်းမာပင်တွင် စစ်ကောင်စီယာဉ် ၂ စီး တိုက်ခိုက်ခံရ


Link [2022-04-18 01:13:00]



စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်မှာ ဧပြီ ၁၇ ရက် နှစ်ဆန်း ၁ ရက်​နေ့က စစ်​ကောင်စီတပ်ဖွဲ့ ယာဉ် ၂ စီးကို ​ဒေသခံ PDF ပူး​ပေါင်းအဖွဲ့​တွေက  တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အောင်​ဇေယျကွက်သစ် (​ဒေသ​ခေါ် ​ရွှေ​တောင်ဦးကုန်း) ဘက်က​နေ ဘန့်​ဘွေးရွာမ​ကျေးရွာဘက်ကိုသွားတဲ့ စစ်​ကောင်စီတပ်ဖွဲ့ယာဉ် ၂ စီးကို  မုံရွာ ယာကြီး က​လေးဝလမ်း ၅ မိုင်တိုးဂိတ်အနီးမှာ ​ဒီက​နေ့ မနက်ပိုင်း ၈ နာရီခွဲ​လောက် PDF ပူးပေါင်းအဖွဲ့​က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့်​ စစ်​ကောင်စီတပ်ဖွဲ့က ၅ ယောက်ထက်မနည်း သေဆုံးခဲ့တာကြောင့် ​ရှေ့ဆက်မသွားနိုင်ခဲ့ဘဲ ​ရွှေ​တောင်ဦးကုန်းဘက်ကို ပြန်လှည့်သွားခဲ့တယ်လို့ ဒေသခံ‌ပြောက်ကျားတပ်ဖွဲ့ ချိုမိုင်မိုင်က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဧပြီ ၁၆ ရက် ညပိုင်းကလည်း […]

Most Read

2024-09-20 21:45:39