Breaking News >> News >> Democratic Voice of Burma


သထုံမြို့နယ်၌ စစ်တပ်က ပြည်သူနေအိမ်များကို ဖျက်ဆီးပြီး ဖုန်းနှင့်ငွေကြေးများယူဆောင်


Link [2022-04-18 01:13:00]



မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရွှေရောင်ပြကျေးနယ်အုပ်စု၊ ဇီးဝန်းကျေးရွာ နေအိမ်တွေကို ဧပြီ ၁၅ ရက် ညနေ ၄ နာရီလောက်က စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက  ဝင်ရောက်ရှာဖွေကာ ဖုန်းနဲ့ ငွေကြေးတွေ ယူဆောင်သွားပြီး နေအိမ်တွေကို ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇီးဝန်းကျေးရွာအတွင်းကို သထုံမြို့အခြေစိုက် အမှတ် ၃၁၄ အမြောက်တပ်ရင်း၊ ဒုတပ်ရင်းမှူး နေမျိုးဟန် ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၆ ဦးက ဒေသခံရွာသားတွေနဲ့အတူ အနီးပတ်ဝန်းကျင်ကျေးရွာကနေ တရားနာလာရောက်တဲ့ ဧည့်သည်တွေပါ ခေါ်ယူစုဝေးပြီး မြေပြင်ပေါ် ဝမ်းလျားမှောက်ခိုင်းပြီး KNU တပ်ဖွဲ့ဝင်တွေကို ဖွက်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံတွေရဲ့နေအိမ်တွေကို အတင်းဝင်ရောက်ရှာဖွေခဲ့တာပါ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တွေက အမှတ် ၃၁၄ အမြောက်တပ်ရင်းရဲ့  ဇီးဝန်းကျေးရွာအနီးကတပ်စခန်းကို လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် အခုလို လုပ်ဆောင်တာလို့ […]

Most Read

2024-09-20 21:46:31