Breaking News >> News >> Democratic Voice of Burma


ဗထူးအားကစားကွင်း ဘေးပတ်လည်ရှိ ဈေးဆိုင်အားလုံးနီးပါး ဖျက်သိမ်း ပြောင်းရွှေ့ပေးရ


Link [2022-04-17 13:33:15]



မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ဗထူးအားကစားကွင်း ဘေးပတ်လည်ရှိ ဈေးဆိုင်ခန်းတွေ အားလုံးနီးပါး ဖျက်သိမ်း၊ ပြောင်းရွှေ့ပေးခဲ့ကြရတယ်လို့ ဆိုင်ခန်းရှင်တွေက ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ဈေးဆိုင်ခန်းတွေနဲ့ တိုက်ခန်းတွေမှာ နေထိုင်သူတွေကို ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက အပြီးသတ် ထွက်ခွာခိုင်းထားတာဖြစ်ပြီး ဖယ်မပေးသေးတဲ့ ဆိုင်ခန်းတွေနဲ့ တိုက်ခန်းတွေကို ရေ၊ မီး ဖြတ်တောက်တဲ့နည်းလမ်းတွေနဲ့ ဖိအားပေးခဲ့တာတွေကြောင့် ဧပြီ ၄ ရက်စပြီး ဖျက်သိမ်းပြောင်းရွှေ့ခဲ့ကြရတာလို့ ဆိုပါတယ်။ ဗထူးအားကစားကွင်း ပတ်ချာလည်မှာ ဆိုင်ခန်းနဲ့  လူနေတိုက်ခန်းပေါင်း ၁၃၀ ကျော်ရှိပြီး ၁ ခန်းကို ကာလပေါက်ဈေး သိန်း ၁ ထောင်လောက်အထိရှိပါတယ်။  အများစုဟာ နေထိုင်ခွင့်သက်တမ်း ၈ နှစ်ကျော် ကျန်နေသေးတာကြောင့်  ဗထူးကွင်းတိုက်တန်းမှာ နေထိုင်သူတွေစုပြီး အစားထိုးမြေပေးဖို့နဲ့ ဆက်လက်နေထိုင်ခွင့်ရဖို့ အယူခံအသနားခံစာတင်ခဲ့ကြပေမဲ့ စစ်ကောင်စီဘက်က ပယ်ချခဲ့ပါတယ်။ ပြီးခဲ့တဲ့ […]

Most Read

2024-09-20 13:07:40