Breaking News >> News >> Democratic Voice of Burma


စစ်တပ်ပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့က အသက် ၇ နှစ်အရွယ်ကလေးငယ် ၁ ဦး သေဆုံး


Link [2022-04-17 13:33:15]



ကယားပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ရှိ ဒေါမူးကလားကျေးရွာမှာ ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ မနက် ၁၀ နာရီလောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၇ နှစ်အရွယ်ကလေးငယ် (ကျား) ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။  “အဲ့ဒီကျေးရွာမှာ လူတွေအကုန် ရှောင်သွားကြပြီ၊ သူတို့မိသားစုပဲ ကျန်နေတာ။ မနက် ၆ နာရီလောက်ထဲက စစ်ကောင်စီ အမြောက်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေလို့ သူတို့မိသားစုလည်း စစ်ဘေးရှောင်ဖို့  ပြင်ဆင်နေချိန် ပစ်ခတ်ခံလိုက်ရတာ။ သေနတ်နဲ့ပစ်ခံရတဲ့ ကလေးကို ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့ပေမဲ့ အသက်သေဆုံးသွားတယ်” လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF-B12 အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။ ဧပြီ ၁၆ ရက်နေ့  မနက် ၆ နာရီအချိန်ကတည်းက စစ်ကောင်စီ […]

Most Read

2024-09-20 21:45:27