Breaking News >> News >> Democratic Voice of Burma


အိန္ဒုရဲစခန်းနှင့် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံး ၃ လုံးပေါက်ကွဲ


Link [2022-04-17 01:53:03]



ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊  ဘားအံ- ကော့ကရိတ်လမ်းဘေးအနီး၊ အိန္ဒုစံပြကျေးရွာ နယ်မြေရဲစခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ဧပြီ ၁၆ ရက် ညနေ ၇ နာရီလောက်က ဗုံး ၃ လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အိန္ဒုနယ်မြေရဲစခန်းရှေ့မှာ  ဗုံးနှစ်လုံးပေါက်ကွဲခဲ့သလို ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ဗုံး ၁ လုံး စုစုပေါင်းဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ အိန္ဒိုစံပြကျေးရွာသားတစ်ဦးက “ဗုံးကွဲတာ မိနစ်ခြားပြီး ၃ လုံးဆက်တိုက်ကွဲတာ။ အသံတွေကတော့ အကျယ်ကြီးပဲ။ ပေါက်ကွဲမှုဖြစ်တော့ ဘယ်သူမှသွားမကြည့်ရဲဘူး။ ထိခိုက်မှုအခြေအနေတော့ မသိရဘူး။ ဗုံးကွဲတဲ့ရဲစခန်းနဲ့ အုပ်ချုပ်ရေးမှူးရုံးက ကိုက် ၁၀၀ လောက်ပဲဝေးတယ်။ လမ်းဘေးဆိုတော့ လူသွားလူလာရှိသေးတဲ့အချိန် ကွဲတာ”လို့ ပြောပါတယ်။ အလားတူ ဘားအံမြို့မှာ ဒီမနက် ၁၁ […]

Most Read

2024-09-20 21:36:10