Breaking News >> News >> Democratic Voice of Burma


သာကေတမြို့နယ်တွင် စစ်ကားတစီး ဗုံးပစ်ခံရပြီး ၂ ဦးသေ


Link [2022-04-17 01:53:03]



ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်  ဧပြီ ၁၅ ရက် မနေ့ ညပိုင်းက စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်က ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသကွက်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။ လမ်းမတစ်နေရာမှာ   အကြမ်းဖက်စစ်ကောင်စီကားပေါ်ကို တော်လှန်ရေးရဲဘော်တွေက  ည ၉ နာရီ လောက်မှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား ၂ ဦးနေရာမှာတင်သေဆုံးခဲ့တာလို့ဆိုပါတယ်။ “ရဲဘော်တွေက ကင်းပုန်းဝပ်နေတဲ့ကားထဲကို လက်ပစ်ဗုံး ပစ်သွင်းပြီး တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က ပြည်သူ့ဘက်သား အတွင်းစည်းသတင်းပေးက အဲ့ဒီနေရာမှာ ကင်းပုန်းဝပ်ဖို့ ရှိတယ်လို့ ဖုန်းဆက်အကြောင်းကြာလာတာနဲ့ ကျနော်တို့ရဲဘော်တွေ  အမြန် ဒီမစ်ရှင်ကို ဆောင်ရွက်ခဲ့တာ”လို့ ရန်ကုန်တိုင်းစစ်ဒေသကွက်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက  ပြောပါတယ်။ တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်သားတွေရောက်လာပြီး […]

Most Read

2024-09-20 21:53:03