Breaking News >> News >> Democratic Voice of Burma


ဘားအံမြို့ ရေကစား မဏ္ဍပ် ၃ ခု၌ ဗုံးပေါက်ကွဲ


Link [2022-04-17 01:53:03]



ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက်က စစ်ကောင်စီ ရေကစား မဏ္ဍပ် ၃ ခုမှာ ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အဆိုပါ ဗုံးပေါက်ကွဲခဲ့တဲ့ ရေကစားမဏ္ဍပ်တွေဟာ စစ်ကောင်စီအသိုင်းအဝိုင်းနဲ့ စစ်အုပ်စုနဲ့ နီးစပ်သူတွေ သွားရောက် ရေကစားနေကြတဲ့ နေရာဖြစ်ပြီး မနက် ၁၁ နာရီလောက်က တစ်ကြိမ်၊ မွန်းလွဲ ၁၂ နာရီခွဲလောက်က တစ်ကြိမ်နဲ့ မွန်းလွဲ ၂ နာရီလောက်က တစ်ကြိမ်စီပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ မြို့ခံပြည်သူတစ်ဦးက” ဗုံးကွဲတာကတော့ ၃ လုံးတောင်ကွဲတာ။ အဲဒီမဏ္ဍပ်တွေက စစ်ကောင်စီအသိုင်းကလူတွေ။ သင်္ကြန်မှာ လွတ်လပ်ရေးရနေတဲ့ အတိုင်းပဲ။ စစ်ကောင်စီကြောင့် နိုင်ငံအနှံ့က ဒုက္ခရောက်နေသူတွေ သူတို့နဲ့ မဆိုင်သလို စာနာမှုမရှိတဲ့ကောင်တွေ။ နည်းတောင် နည်းသေးတယ်”လို့ ဆိုပါတယ်။ […]

Most Read

2024-09-20 21:39:11